၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ပလက်တီနမ်အဆင့် အဖွဲ့ဝင်မှုအမျိုးအစားအသစ်ကို Thailand Privilege Card Company (TPC)မှအများသိအောင်ကြေညာပေးခဲ့ပါသည်။ Thailand Privilege Cardကို ယခင်က Thailand Elite ဟုအများသိခဲ့ကြပြီး အပြုံးလှတို့၏တိုင်းပြည်တခွင် ခရီးနှင်ဖို့စိတ်ဝင်စားကြသူများ (သို့မဟုတ်) ထိုင်းနိုင်ငံကို ဒုတိယအိမ်သဖွယ်ဖြစ်စေချင်ကြသည့်သူများအနေဖြင့် (၅)နှစ်ထက်မကပိုပြီးနေထိုင်လိုလျှင် ယခုလို (၁၀)နှစ်တာသက်တမ်းရှိ အဖွဲ့ဝင်မှုအမျိုးအစားသည် ၎င်းတို့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ဖို့ရည်ရွယ်ပါသည်။
ယခင် Thailand Elite အဖွဲ့ဝင်မှုဖြင့်နှိုင်းယှဉ်လျှင် ၎င်းထက်ပိုသာသောအကျိုးခံစားခွင့်များနှင့်အခွင့်ထူးများကို ထိုင်းဘတ်ငွေ ၁၅သိန်းလောက်ဖြင့် အဖွဲ့ဝင်သူများရရှိကြပါမည်။ အဖွဲ့ဝင်များအတွက်ထိုင်းနိုင်ငံအတွင်းပျော်ရွှင်မှုပိုမိုရရှိနိုင်စေခြင်းမှအစပြု၍ လှုပ်ရှားမှုများစွာနှင့် အထင်ကရနေရာများအပါအဝင် အသစ်အသစ်စသောအခွင့်ထူးများကိုခံစားနိုင်စေရန် စနစ်တကျပြင်ဆင်ထားပါသည်။ အခွင့်ထူးခံရမှစနစ်အသစ်ကြောင့် အဖွဲ့ဝင်များအတွက်ကန့်သတ်ချက်များမရှိတော့ဘဲ မိမိတို့ရမှတ်များကိုအသုံးပြုခြင်းအားဖြင့် ရရှိနိုင်သောအခွင့်ထူးများကို ခံစားနိုင်ပါမည်။ Elite Visa မှာကဲ့သို့ အခြားဗီဇာများနှင့်စာလျှင် လျှောက်ထားမှုသည်ပို၍လွယ်ကူမြန်ဆန်ပြီး၊ အခကြေးငွေထပ်ပေးစရာမလိုခြင်း (သို့မဟုတ်) ထိုင်းနိုင်ငံသို့ပြန်ဝင်ခွင့်များကြောင့် ခရီးသွားခြင်းကိုပို၍အဆင်ပြေချောမွေ့စေပါသည်။
မူလလျှောက်ထားသူများသည် ၎င်းတို့၏မိသားစုများကိုပါဖိတ်ခေါ်နိုင်သည့်အခွင့်အရေးရှိသည်နှင့်အညီ လျှောက်ထားသူတစ်ဦးလျှင် ထိုင်းဘတ်ငွေ၁၀သိန်းကျသင့်ပြီး ထိုင်းနိုင်ငံအတွင်းမှာရှိနေစဉ် အဖော်ပြုပေးခြင်းဖြင့်အတူတူအချိန်ကုန်စေပါသည်။ Elite Family Alternative ကဲ့သို့သော မိသားစုသီးသန့် ပက်ကေ့ခ်ျများကို သီးသန့်ဝယ်ယူစရာမလိုတော့ပါ။
စက်တင်ဘာလရှိနောက်ဆုံးသတ်မှတ်ထားချိန်ကုန်ဆုံးသွားသဖြင့် Thailand Elite Visa မလျှောက်လိုက်ရသူများကိုဆွဲဆောင်နိုင်ရန် Thailand Privilege အဖွဲ့ဝင်မှုအမျိုးအစားများကိုအဆင့်မြှင့်ထားပါသည်။ Platinum Membership ပလက်တီနမ်အဆင့်အဖွဲ့ဝင်မှုအမျိုးအစားသည် ထိုင်းနိုင်ငံအပေါ်သင်၏အမြင်ပိုကောင်းလာစေရန်ရည်ရွယ်ပြီး ထိုအမြင်ကြောင့်ပင် သင့်အနေဖြင့် တစ်ချိန်ချိန်တွင် ထိုင်းနိုင်ငံ၌အခြေချနေထိုင်ချင်စိတ်ဖြစ်ကောင်းဖြစ်လာနိုင်ပါလိမ့်မည်။
Thailand Privilege ၏ ပလက်တီနမ်အဆင့်အဖွဲ့ဝင်မှု Platinum Membership ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင်စတင်မည်ဖြစ်ပါသည်။
သက်တမ်း ။။ (၁၀) နှစ်
ကျသင့်ငွေ ။။ ထိုင်းဘတ် (၁၅)သိန်း (အမေရိကန်ဒေါ်လာ ၄၁၅၀၀ နီးပါး)
မိသားစုဝင်များအတွက် ထပ်ပေးရမည့်ကျသင့်ငွေ ။။ ထိုင်းဘတ်ငွေ (၁၀) သိန်း (အမေရိကန်ဒေါ်လာ ၂၇၆၀၀ နီးပါး)
အခွင့်ထူးခံရမှတ်များ ။။ တစ်နှစ်လျှင် (၃၅)မှတ်
အဖွဲ့ဝင်များရရှိမည့်အကျိုးခံစားခွင့်များ ။။
အမျိုးမျိုးသောအကျိုးခံစားခွင့်များကိုရောနှောထည့်သွင်းထားသောကြောင့် Thailand Privilege PLATINUM Membership ပလက်တီနမ်အဆင့်ကိုအဖွဲ့ဝင်မှုသည် Thailand Privilege GOLD Membership ထက်သာမကဘဲ အဖွဲ့ဝင်မှုအမျိုးအစားဟောင်းများဖြစ်ကြသော Elite Privilege Access Membership၊ Elite Family Alternative Membership နှင့် Elite Superiority Extension Membership တို့ထက် ပိုမိုသာလွန်အဆင့်မြင့်သောအဖွဲ့ဝင်မှုအမျိုးအစားတစ်ခုဖြစ်ပါသည်။ Thailand Elite Visa ပက်ကေ့ဂျ်အဟောင်းများကို စက်တင်ဘာလလယ်နောက်ပိုင်းတွင် အသုံးမပြုတော့သော်လည်း၊ ဤအဖွဲ့ဝင်အသစ်သည် ရင်းနှီးမြှုပ်နှံမှုကို အကြောင်းခိုင်လုံမှုရှိစေရန် ထပ်လောင်းအကျိုးခံစားခွင့်များဖြင့် ပံ့ပိုးထားပါသည်။
မှတ်သားရန် ။။ Thailand Privilege မှဆောင်ရွက်ပေးသည့် လျှောက်ထားမှုလုပ်ငန်းစဉ်သည် ယခင် Thailand Elite အဖွဲ့ဝင်မှုများမှာထက် ပို၍လျင်မြန်သည်ဟု ၎င်းကဆိုပါသည်။
လျှောက်ထားမှုလုပ်ငန်းစဉ်အဆင်ပြေချောမွေ့နိုင်စေရန်အလို့ငှာ လျှောက်ထားလိုသူများသည် ထိုင်းနိုင်ငံ၏ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ General Sales and Services Agent (GSSA)၏ဝန်ဆောင်မှုကိုရယူနိုင်ပါသည်။ ဤနည်းအားဖြင့် အဖွဲ့ဝင်မှုပက်ကေ့ခ်ျများနှင့်ပတ်သက်သော လျှောက်ထားသူတို့၏စိုးရိမ်မှုများအတွက်အကူအညီဖြစ်စေသလို လျှောက်ထားမှုလုပ်ငန်းစဉ်တစ်လျှောက်မှာလည်း လမ်းညွှန်ကူညီပေးနိုင်ပါမည်။ GSSA အဖွဲ့တခုမှတစ်ဆင့် လျှောက်ထားခြင်းသည် အောင်မြင်မှုရရှိနှုန်း ပို၍များနိုင်ကြောင်းအာမခံပါသည်။ Siam Legal သည်လည်း ထိုကဲ့သို့သော GSSA တစ်ခုဖြစ်သည်နှင့်အညီ ၎င်း၏ကျွမ်းကျင်သူများအဖွဲ့သည် Thailand Privilege နှင့်ပတ်သက်ရ၍ ကောင်းစွာသိနားလည်ကြသူများဖြစ်ပြီး လျှောက်ထားသူများကို အောင်မြင်စွာဖြင့်အဖွဲ့ဝင်မှုရရှိနိုင်အောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ လျှောက်ထားမှုလုပ်ငန်းစဉ်တစ်ခုလုံးနှင့် အကြံဉာဏ်တောင်းယူခြင်းကိစ္စများကို အွန်လိုင်းမှဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ထိုင်းနိုင်ငံရှိ Siam Legal သို့အရောက်လာရန် လက်မှတ်ကြိုတင်စီစဉ်ထားဖို့ထားမလိုအပ်ပါ။
Siam Legal မှတဆင့်လျှောက်ထားခြင်း၏အကျိုးကျေးဇူးများ –
LINE
ကျွန်တော်တို့ကုမ္ပဏီက ဆောင်ရွက်ပေးမည့်အရာများမှာ -
Get in touch with us
18th Floor, Unit 1806 Two Pacific Place,
142 Sukhumvit Rd, Khlong Toei, Bangkok 10110,
Thailand
We are open: Monday – Friday
9 AM – 6 PM (Bangkok Time)