အကျိုးခံစားခွင့်အသစ်များနှင့်အတူ အဖွဲ့ဝင်များအား ရေရှည်ဗီဇာအာမခံပေးသည့် Gold Membershipနှင့် မိတ်ဆက်ပေးခြင်း။ ၎င်းနှင့်အတူ အဖွဲ့ဝင်များအား အခွင့်ထူးအမှတ်များစနစ်ဟုလူသိများသော ပိုမိုခိုင်မာသည့်အစီအစဉ်တစ်ခုဖြင့် ရရှိနိုင်သည့်အခွင့်အရေးအားလုံးကို မိမိတို့ဆန္ဒရှိသည့်အတိုင်း စူးစမ်းလေ့လာနိုင်စေပါမည်။
Gold Membership သည်ဝင်ခွင့်အဆင့်ရှိသောအဖွဲ့ဝင်မှု ဖြစ်သည်နှင့်အညီ အစဦးဆုံးပက်ကေ့ခ်ျလည်းဖြစ်ပါသည်။ ဤအသင်းဝင်မှုကို ဘတ် ၉၀၀၀၀၀ ဖြင့်ဝယ်ယူပြီး ၅ နှစ်သက်တမ်းရှိဗီဇာ ရရှိပါမည်။ ထိုင်းနိုင်ငံကို အစမ်းသဘောလေ့လာလို၍ဖြစ်စေ ထိုင်းနိုင်ငံ၏ဂုဏ်သတင်းကျော်ကြားမှုကို သိရှိလိုစိတ်ကြောင့်ဖြစ်စေ Gold Membership အဖွဲ့ဝင်တစ်ဦးဖြစ်ထားလျှင် ဟိုတယ်ဝန်ထမ်းများက ဧည့်သည်များကို ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးသည့်ပုံစံအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အရှေ့တောင်အာရှတွင် အနားယူအပန်းဖြေရန် ခမ်းနားသောနေရာတစ်ခုကိုရှာဖွေဖို့ရာ စိတ်ဝင်တစားရှိသော်လည်း ထိုင်းနိုင်ငံတွင် အချိန်ကြာမြင့်စွာတည်းခိုရန် စိတ်အားထက်သန်လွန်းခြင်းမရှိကြသောခရီးသွားများအတွက် ပြီးပြည့်စုံသောရွေးချယ်မှုဖြစ်သည်။ အထူးအခွင့်အရေးရမှတ်များစနစ်သည် အဖွဲ့ဝင်များအား အခမဲ့ပြည်တွင်းခရီးစဉ်များနှင့် spa ကုသမှုများကဲ့သို့သော 5 နှစ်သက်တမ်းရှိ Thai Elite ဗီဇာကပင်မပေးနိုင်သော အထူးအခွင့်အရေးများကို ရရှိစေပါသည်။
၎င်း၏ အဆင်ပြေဇိမ်ကျလှသောအခြေအနေကြောင့် ထိုင်းနိုင်ငံတွင် အခြေချနေထိုင်လိုသူတို့အတွက် ရှိထားသင့်သောအဖွဲ့ဝင်မှုအမျိုးအစားဖြစ်ပါသည်။။ လူတိုင်းအတွက် ဗီဇာသည် မရှိမဖြစ်လိုအပ်သောကြောင့် သင့်အား ၅ နှစ်နေထိုင်ခွင့်ရှိသော အဖွဲ့ဝင်မှုတစ်ခုက ၎င်းသည် ထိုင်းခရီးသွားဗီဇာများအနက် အကောင်းတကာ့အကောင်းဆုံး ဖြစ်လာစေပါသည်။
ထို့ကြောင့် လျှောက်ထားသူအသစ်များအတွက် စက်တင်ဘာလသည် Thailand Elite ဗီဇာဟောင်းကိုရရှိနိုင်ရန် နောက်ဆုံးကာလဖြစ်သော်လည်း၊ အဖွဲ့ဝင်မှုအသစ်များကိုမူ ခြွင်းချက်အနေဖြင့် ဆက်လက်ဆောင်ရွက်ပေးဆဲဖြစ်ပါသည်။
သက်တမ်း။ ။ ၅နှစ်
ကျသင့်ငွေ။ ။ ထိုင်းဘတ် ၉၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၂၄၈၀၀ နီးပါး)
အထူးခံစားခွင့်ရမှတ်ပေါင်း။ ။ တစ်နှစ်လျှင် အမှတ် ၂၀
အဖွဲ့ဝင်တစ်ဦး၏အကျိုးခံစားခွင့်များ။ ။
ဤအသစ်စက်စက်သော Thailand Privilege အဖွဲ့ဝင်မှုများသည် ပုံမှန် Thai Elite Visa နှင့်မတူဘဲ ကွဲပြားခြားနားမှုမျာရှိပြီး၊ ထပ်တိုးထားသောအကျိုးခံစားခွင့်များစွာရရှိနိုင်ပါမည်။ အဖွဲ့ဝင်ကာလ(၅)နှစ်ရှိပြီး Thailand Privilege ၏ GMအဆင့်အဖွဲ့ဝင်မှုသည် ၎င်း၏ ပြိုင်ဘက် Elite Easy Accessနှင့်ယှဉ်လိုက်လျှင် တိုးတက်မှုတစ်ခုဟုဆိုရမည်ဖြစ်ပါသည်။ ဤသို့တိုးမြှင့်ထားသောအခြေအနေများကြောင့် အကောင်းဆုံးကိုရွေးချယ်တတ်သည့် ခရီးသွားများအဖို့ ထိုင်းနိုင်ငံသို့ စိတ်ချမ်းသာစွာခရီးထွက်နိုင်မည်ဖြစ်ပါသည်။
မှတ်စု ။။ Elite Visa အဟောင်းမှ Thailand Privilege အဖွဲ့ဝင်မှုအသစ်ပုံစံသို့ တိုးမြင့်ပြောင်းလဲခြင်းဝန်ဆောင်မှုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ပါမည်။
မှတ်စု ။။ Thailand Privilege မှဆောင်ရွက်ပေးသည့် လျောက်ထားမှုလုပ်ငန်းစဉ်များသည် ပုံမှန်ထက်များစွာပို၍လျင်မြန်သည်ဟု ၎င်းကဆိုပါသည်။
ဟုတ်ကဲ့ရပါတယ်။ Thai Elite Visas တစ်မျိုးမျိုးကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံတွင်းပိုမိုကောင်းမွန်သောအတွေ့အကြုံများရရှိနိုင်စေရန် Thailand Privilege ပက်ကေ့ခ်ျများသို့အဆင့်မြှင့်တင်နိုင်ပါသည်။ Elite Easy Access အဖွဲ့ဝင်မှုရှိထားလျှင် Gold Membership ရွှေအဆင့်အဖွဲ့ဝင်အဖြစ်သို့ အခကြေးငွေထပ်ပေးစရာမလိုဘဲ အဆင့်မြှင့်တင်နိုင်ပါသည်။ မူလကတ်ပြား (primary card) ရရှိလိုပါက နှစ်စဉ်ထိုင်းဘတ်ငွေ (၅၀၀၀၀) သုံးစွဲရပါမည်။။
မိမိကိုယ်တိုင်လျှောက်ထားနိုင်သော်လည်း မိမိလျှောက်ထားမှုကို ထောက်ခံပေးမည့်သူရှိခြင်းဖြင့် ရှိသင့်ရှိထိုက်သောခိုင်မာသေချာမှုနှင့်အတူ အမှားအယွင်းဖြစ်မှုကို နည်းပါးစေပါသည်။ Siam Legal သည် Thailand Privilege မှတိုက်ရိုက်ခန့်အပ်ထားသော General Sales and Services Agent (GSSA) ဖြစ်သည်နှင့်အညီ လျှောက်ထားမှုခရီးလမ်းတွင် သေချာမှု၊ ရိုးရှင်းလွယ်ကူမှု နှင့် မြန်ဆန်မှုများရှိစေရန် အခမဲ့ဝန်ဆောင်မှုများကို လိုအပ်သလိုဆောင်ရွက်ပေးလျက်ရှိပါသည်။ သိလိုသည်များရှိ၍ဖြစ်စေ၊ Siam Legal အဖွဲ့အား မိမိ၏လျှောက်ထားမှုအဆင်ပြေမပြေကြည့်ရှုသုံးသပ်ပေးစေလို၍ဖြစ်စေဆက်သွယ်နိုင်ပါသည်။ အဖွဲ့ဝင်မှုဝယ်ယူသူများအတွက် ထပ်လောင်းအကျိုးခံစားခွင့်များနှင့် သိလိုရာမေး အခမဲ့အကြံပေးအစီအစဉ်များအပြင် (၅)နှစ်တာ ရွှေအဆင့်အဖွဲ့ဝင်မှု GMကို လျှောက်ထားလိုပါက Siam Legal သည် အကောင်းဆုံး GSSA တစ်ခုဖြစ်ပါသည်။ GSSA ၏အကူအညီဖြင့် စိတ်ချမ်းသာမှုပိုမိုရရှိစေပြီး မမျှော်လင့်ထားသော နှောင့်နှေးမှုများကိုလည်းလျော့နည်းစေမည်ဖြစ်ပါသည်။
Siam Legal မှတဆင့်လျှောက်ထားခြင်း၏အကျိုးကျေးဇူးများ –
LINE
ကျွန်ုပ်တို့၏ ကုမ္ပဏီမှ ကမ်းလှမ်းချက်များ
Get in touch with us
18th Floor, Unit 1806 Two Pacific Place,
142 Sukhumvit Rd, Khlong Toei, Bangkok 10110,
Thailand
We are open: Monday – Friday
9 AM – 6 PM (Bangkok Time)