ဖိတ်ကြားမှုမှတစ်ဆင့် နှစ် (၂၀) သက်တမ်းရှိ အဖွဲ့ဝင်ပက်ကေ့ခ်ျများကိုယခုရရှိနိုင်ပြီဖြစ်သဖြင့် စိန်အဆင့်အဖွဲ့ဝင်မှု Diamond Membership သည်လျှောက်ထားသူများအတွက် အနီးစပ်ဆုံးနှင့် သက်တမ်းအကြာဆုံးရှိနိုင်သည့် အဖွဲ့ဝင်မှုအမျိုးအစားတစ်ခုဖြစ်ပါသည်။
Thailand Privilege အဖွဲ့ဝင်မှုအမျိုးအစားများကိုစတင်လိုက်ခြင်းကြောင့် (၁၅)နှစ်သက်တမ်းရှိသည့် Diamond ပက်ကေ့ခ်ျများမှတဆင့် ထိုင်းနိုင်ငံအတွင်း (၁၅)နှစ်တာနေထိုင်ခွင့်ရရှိပါမည်။ ဤအဖွဲ့ဝင်မှုအမျိုးအစားသည် ထိုင်းဘတ်ငွေ ၂၅သိန်း ကျသင့်မည်ဖြစ်ပြီး အခွင့်ထူးခံရမှတ်ပေါင်း ၅၅မှတ်ကိုလည်း ယခင်Thailand Elite ဗီဇာများနေရာတွင် အစားထိုးဝင်ရောက်လာသော ကောင်းမွန်လှသည့်အခွင့်အရေးအဖြစ်ရရှိကြမည်ဖြစ်ပါသည်။
အဖွင့်ဗီဇာထက်ပိုသာသည့်အပြင် ဤအဖွဲ့ဝင်အမျိုးအစားတွင်ရရှိနိုင်သည့်အကျိုးခံစားခွင့်များသည် ပေးရသည့်တန်ဖိုးနှင့်ထိုက်တန်ပါသည်။ ယခင်နှင့်ယခုပက်ကေ့ခ်ျများကိုနှိုင်းယှဉ်ရာတွင် DIAMOND စိန်အဆင့်အဖွဲ့ဝင်မှုသည် အဖွဲ့ဝင်များအား အကြီးမားဆုံးသောသီးသန့်အကျိုးခံစားခွင့်များနှင့် ဘဝနေထိုင်မှုအရည်အသွေးကောင်းမွန်ရေးတို့ကိုဆောင်ကျဉ်းပေးပါသည်။ Thailand Elite ပက်ကေ့ခ်ျများတွင်မပါရှိသော အခွင့်ထူးခံရမှတ်စနစ်ကိုလည်း Thailand Privilege ယန္တရားနှင့်အတူမိတ်ဆက်လိုက်ပြီး အသုံးပြုလိုသော အခွင့်ထူးခံစားမှုများကိုဆန္ဒရှိသလိုပို၍လွတ်လပ်စွာရွေးချယ်နိုင်ခွင့်ရှိလာပါသည်။ အဖွဲ့ဝင်များ၏ ရမှတ်ပေါင်း (၅၅)မှတ်ဖြင့် အကျိုးခံစားခွင့်များကို မိမိတို့ဆန္ဒရှိသလိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။
ထိုင်းဘတ်ငွေ ၁၅ သိန်းဖြင့် မိသားစုဝင်များကိုလည်းအဖွဲ့ဝင်အဖြစ်သို့ပေါင်းထည့်နိုင်သဖြင့် မူလလျှောက်ထားသူများရရှိသော သီးသန့်အကျိုးခံစားခွင့်များနှင့်အခွင့်ထူးများအတိုင်း ခံစားနိုင်ခွင့်ရှိပါသည်။
Thailand Privilege အဖွဲ့ဝင်မှုများကို ခရီးသွားဗီဇာအစီအစဉ်တစ်ခုအဖြစ်သာလျှင်သတ်မှတ်ထားဆဲဖြစ်ပါသည်။ ထို့ကြောင့်လျောက်ထားသူများသည် ထိုင်းနိုင်ငံအတွင်း၌အလုပ်လုပ်ကိုင်နိုင်ခြင်းနှင့် အလုပ်လုပ်ခွင့်ဗီဇာများလျှောက်ထားနိုင်ခြင်းသည်မရှိပါ။ ဤသို့ကန့်သတ်ချက်ရှိထားသော်လည်း အဖွဲ့ဝင်များသည် အနည်းဆုံး (၁၅)နှစ်တာကာလလေယာဉ်ခရီးဖြင့် ထိုင်းနိုင်ငံ၏ပြည်တွင်းနှင့်ပြည်ပသို့ အချိန်မရွေးခရီးသွားလာသော်လည်း ၎င်းတို့၏ဗီဇာမှာတရားဝင်လျက်ရှိမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်းခရီးသွားခြင်း၊ လှုပ်ရှားမှုများအားလုံးတွင်ပါဝင်ဆောင်ရွက်ခြင်း၊ ဗီဇာများနှင့် ထိုင်းနိုင်ငံမှကမ်းလှမ်းသောဝန်ဆောင်မှုများစွာတို့အတွက်ဖြစ်စေ၊ နေထိုင်စရာတစ်ခုနှင့် ခရီးသွားများသွားရောက်စရာနေရာတစ်ခုအဖြစ်သတ်မှတ်၍ဖြစ်စေ Thailand Privilege အဖွဲ့ဝင်မှုသည် သင့်အနေဖြင့် ရင်းနှီးမြှုပ်နှံရန်ကောင်းစွာထိုက်တန်ပါသည်။
သက်တမ်း ။။ (၁၅) နှစ်
ကျသင့်ငွေ ။။ ထိုင်းဘတ် (၂၅)သိန်း (အမေရိကန်ဒေါ်လာ ၄၁၅၀၀ နီးပါး)
မိသားစုဝင်များအတွက် ထပ်ပေးရမည့်ကျသင့်ငွေ ။။ ထိုင်းဘတ်ငွေ (၁၅) သိန်း (အမေရိကန်ဒေါ်လာ ၄၁၅၀၀ နီးပါး)
အခွင့်ထူးခံရမှတ်များ ။။ တစ်နှစ်လျှင် (၅၅)မှတ်
အဖွဲ့ဝင်များရရှိမည့်အကျိုးခံစားခွင့်များ ။။
Elite Superiority Extension သို့မဟုတ် Elite Ultimate Privilege ပက်ကေ့ခ်ျများကိုလျှောက်ထားနိုင်မည့်ရက်ကျော်လွန် နောက်ကျသွားသဖြင့် စိတ်ညစ်နေပါသလား။ စိတ်မညစ်နေပါနှင့်။ DIAMOND စိန်အဆင့်အဖွဲ့ဝင်မှုတွင် ၁၅နှစ်သာပေးထားသော်လည်း များစွာသောထပ်ဆောင်းအကျိုးခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို ထပ်ဖြည့်ထားသဖြင့် ပေးရသောငွေနှင့်ထိုက်တန်သော ရင်းနှီးမြုပ်နှံမှုဖြစ်စေမှာပါ။ Elite Visa နှင့်ယှဉ်လျှင် အဖွဲ့ဝင်များအတွက် အသစ်ပေါင်းထည့်ထားသောအကျိုးခံစားခွင့်များစွာကို Thailand Privilege အစီအစဉ်မှာသာရရှိနိုင်မည်ဖြစ်ပါသည်။အထူးသဖြင့် အကောင်းဆုံးသောဗီဇာ အဖွဲ့ဝင်ပက်ကေ့ခ်ျများကိုရှာဖွေနေပါက ဤအဖွဲ့ဝင်မှုအမျိုးအစားကိုရှိထားခြင်းသည် အသစ်ပေါင်းထည့်မှုများနှင့်အတူအမျိုးမျိုးသောအကျိုးခံစားမှုများရရှိနိုင်ပါမည်။ ဥပမာအားဖြင့် သင်သည် ထိုင်းနိုင်ငံတွင်အခြေချနေထိုင်ရန်စိတ်ဝင်စားနေသော နိုင်ငံခြားသား သို့မဟုတ် အငြိမ်းစားယူထားသူဖြစ်ပါက စိန်အဆင့်အဖွဲ့ဝင်မှုဖြင့် သင့်ငွေကိုရင်းနှီးမြှုပ်နှံဖို့ရာ အကောင်းဆုံးဖြစ်ပါသည်။
မှတ်သားရန် ။။ ယခင် Elite Visa အဟောင်းများမှ Thailand Privilege အဖွဲ့ဝင်မှုပက်ကေ့ခ်ျအသစ်များသို့ အဆင့်တိုးမြှင့်ခြင်းဝန်ဆောင်မှုများသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလတွင် စတင်ပါမည်။
ဟုတ်ပါသည်၊ ယခင် Elite Easy Access၊ Elite Family Alternative၊ Elite Privilege Access၊ Elite Superiority Extension နှင့် Elite Ultimate Privilege ကိုင်ဆောင်ထားသူများကို ၎င်းတို့၏အဖွဲ့ဝင်ဟောင်းမှ Thailand Privilege အဖွဲ့ဝင်အသစ်သို့ အဆင့်မြှင့်တင်ရန် ခွင့်ပြုထားသည်။ လျှောက်ထားသူများသည် ထိုင်းဘတ်ငွေ ၁၀၀၀၀၀ ပေးဆောင်နိုင်သည်။ ပင်မကတ်အတွက် နောက်ထပ်နှစ်စဉ်ကြေးများလည်း လိုအပ်သည်-
တစ်သက်တာအဖွဲ့ဝင်များသည် Thailand Privilege DIAMOND အဖွဲ့ဝင်အဖြစ်သို့ပြောင်းရန်အခွင့်အရေးရရှိမည်ဖြစ်ပြီး (၁၅) နှစ်သက်တမ်းနှင့် အခွင့်ထူးခံရမှတ် (၅၅) မှတ်ရရှိမည်ဖြစ်သည်။ ၎င်းအပြင်၊ တစ်သက်တာအဖွဲ့ဝင်များသည် အဆင့်မြှင့်တင်မှုအခကြေးငွေများ သို့မဟုတ် ပင်မကတ်အတွက် နောက်ထပ်နှစ်စဉ်ကြေးများကို ပေးဆောင်ရန်မလိုဘဲ ပြောင်းလဲမှုကို ပြုလုပ်နိုင်သည်။
လျှောက်ထားမှုလုပ်ငန်းစဉ်အဆင်ပြေချောမွေ့နိုင်စေရန်အလို့ငှာ လျှောက်ထားလိုသူများသည် ထိုင်းနိုင်ငံ၏ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ General Sales and Services Agent (GSSA)၏ဝန်ဆောင်မှုကိုရယူနိုင်ပါသည်။ ဤနည်းအားဖြင့် အဖွဲ့ဝင်မှုပက်ကေ့ခ်ျများနှင့်ပတ်သက်သော လျှောက်ထားသူတို့၏စိုးရိမ်မှုများအတွက်အကူအညီဖြစ်စေသလို လျှောက်ထားမှုလုပ်ငန်းစဉ်တစ်လျှောက်မှာလည်း လမ်းညွှန်ကူညီပေးနိုင်ပါမည်။ GSSA အဖွဲ့တခုမှတစ်ဆင့် လျှောက်ထားခြင်းသည် အောင်မြင်မှုရရှိနှုန်း ပို၍များနိုင်ကြောင်းအာမခံပါသည်။ Siam Legal သည်လည်း ထိုကဲ့သို့သော GSSA တစ်ခုဖြစ်သည်နှင့်အညီ ၎င်း၏ကျွမ်းကျင်သူများအဖွဲ့သည် Thailand Privilege နှင့်ပတ်သက်ရ၍ ကောင်းစွာသိနားလည်ကြသူများဖြစ်ပြီး လျှောက်ထားသူများကို အောင်မြင်စွာဖြင့်အဖွဲ့ဝင်မှုရရှိနိုင်အောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ လျှောက်ထားမှုလုပ်ငန်းစဉ်တစ်ခုလုံးနှင့် အကြံဉာဏ်တောင်းယူခြင်းကိစ္စများကို အွန်လိုင်းမှဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ထိုင်းနိုင်ငံရှိ Siam Legal သို့အရောက်လာပြီးအကူအညီရယူရန် လက်မှတ်ကြိုတင်စီစဉ်ထားဖို့ထားမလိုအပ်ပါ။
Siam Legal မှတဆင့်လျှောက်ထားခြင်း၏အကျိုးကျေးဇူးများ –
LINE
ကျွန်တော်တို့ကုမ္ပဏီက ဆောင်ရွက်ပေးမည့်အရာများမှာ -
Get in touch with us
18th Floor, Unit 1806 Two Pacific Place,
142 Sukhumvit Rd, Khlong Toei, Bangkok 10110,
Thailand
We are open: Monday – Friday
9 AM – 6 PM (Bangkok Time)