လုပ်ငန်းပိုင်းအထူးကျွမ်းကျင်ကြသော ပရော်ဖက်ရှင်နယ်များအတွက် LTR ဗီဇာ

ထိုင်းနိုင်ငံ‌ရေရှည်နေထိုင်ခွင့်ဗီဇာ

ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ခွင့် LTR ဗီဇာသည် အခွင့်အလမ်းသစ်များကို ရှာဖွေနေသည့် အထူးကျွမ်းကျင်ပညာရှင်များအတွက် ထူးခြားသောလမ်းကြောင်းကို ပေးဆောင်ပါသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးအခင်းအကျင်းတွင် ထိပ်တန်းအရည်အချင်းရှိသူများ ပေါင်းစည်းပါဝင်မှုကို အဆင်ပြေချောမွေ့စွာဖြင့် အံဝင်ခွင်ကျဖြစ်စေရန်၊ ဤဗီဇာသည် ၎င်း၏ကိုင်ဆောင်သူများအတွက် အကျိုးကျေးဇူးများစွာကို တိုးချဲ့ပေးပါသည်။

၎င်း၏ ရိုးရှင်းသော အရည်အချင်းပြည့်မီမှု စံနှုန်းထားများနှင့် ရှင်းလင်းပြတ်သားသော အကျိုးခံစားခွင့်များနှင့်အတူ၊ LTR Visa သည် ပါမစ်တစ်ခုအဖြစ်သာမက အရှေ့တောင်အာရှ၏ အတက်ကြွဆုံး စီးပွားရေးနိုင်ငံတစ်ခုတွင် ပရော်ဖက်ရှင်နယ်တိုးတက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ နှစ်မြှုပ်မှုဆီသို့ တံခါးပေါက်တစ်ခုလည်းဖြစ်သည်။

အရည်အချင်းပြည့်မီစေရန်နည်းလမ်း

ထိုင်းနိုင်ငံရေရှည်နေထိုင်ခွင့် (LTR) ဗီဇာအကြောင်း စဉ်စားနေကြသည့် ကျွမ်းကျင်ပညာရှင်များအနေဖြင့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို သိသိသာသာ အထောက်အကူပြုနိုင်သည့် အရည်အချင်းများကို ဆွဲဆောင်ရန်ဟူသည့် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို ထင်ရှားပေါ်လွင်စေသော အရေးကြီးလိုအပ်ချက်များစွာကို သတိပြုမိရန် အရေးကြီးသည် -

  • နှစ်စဉ်ဝင်ငွေ
    လျှောက်ထားသူများသည် ငွေရေးကြေးရေး တည်ငြိမ်မှုကို ပြသသည့် အနိမ့်ဆုံးဝင်ငွေ သတ်မှတ်ချက်နှင့် ပြည့်မီရမည်ဖြစ်သည်။ ဤလိုအပ်ချက်သည် လျှောက်ထားသူ၏ ထိုင်းနိုင်ငံအတွင်း မိမိကိုယ်ကို ပံ့ပိုးထောက်ပံ့နိုင်စွမ်းရှိကြောင်းပြသရမည့် အဓိကအချက်ဖြစ်သည်။
  • အရည်အချင်းများ
    LTR Visa သည် အဆင့်မြင့်ပညာရေး သို့မဟုတ် ကျွမ်းကျင်မှုဆိုင်ရာအထောက်အထားများ လိုအပ်သည်။ ၎င်းသည် လျှောက်ထားသူ၏နယ်ပယ်တွင် အထူးပြုပညာရပ်ပိုင်းတတ်သိမှု သို့မဟုတ် ကျွမ်းကျင်မှုများ၏ အရေးပါမှုကို မီးမောင်းထိုးပြသည်။
  • အတွေ့အကြုံ
    လျှောက်ထားသူများသည် သက်ဆိုင်ရာနယ်ပယ်တွင် သိသာထင်ရှားသော အတွေ့အကြုံရှိရမည်။ ယင်းက ထိုင်းနိုင်ငံ၏ လုပ်သားအင်အားအတွက် အဖိုးတန်သော ကျွမ်းကျင်မှုများ ဆောင်ကြဉ်းလာစေရန် သေချာစေပါသည်။
  • ရည်ရွယ်ထားသော လုပ်ငန်းများ
    ဗီဇာသည် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အရေးပါသည်ဟု ယူဆရသည့် ကဏ္ဍများတွင် ကျွမ်းကျင်ကြသောပညာရှင်များကို အထူးအာရုံစိုက်ထားသည်။ ဤဗျူဟာမြောက်ချဉ်းကပ်မှုသည် ဤအဓိကနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။

ဤသတ်မှတ်ချက်များသည် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ပရော်ဖက်ရှင်နယ်အခင်းအကျင်းကို မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်သော ပညာရှင်များကို ဆွဲဆောင်ရန် ထိုင်းနိုင်ငံ၏ မဟာဗျူဟာပန်းတိုင်ကို ထင်ထင်ရှားရှား ထင်ဟပ်နေပါသည်။

LTR ဗီဇာကိုင်ဆောင်သူများအတွက် အခွန်အကျိုးခံစားခွင့်များ

ထိုင်းနိုင်ငံ LTR Visa သည် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များအတွက် ဆွဲဆောင်မှုရှိသော အခွန်ခံစားခွင့်များကို ပေးဆောင်သည်။ အသိသာဆုံးတစ်ခုမှာ ထိုင်းနိုင်ငံအတွင်းရရှိသောဝင်ငွေအပေါ် ၁၇% အခွန်နှုန်းထားဖြစ်ပြီး စံနှုန်းများနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ လျော့နည်း‌ပါသည်။ ဤဦးစားပေး စီမံမှုသည် ကျွမ်းကျင်သော ပညာရှင်များကို ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ရန် ငွေကြေးဆိုင်ရာ မက်လုံးပေးပါသည်။

ဤအခွန်ပိုင်းအားသာချက်များကို ပေးဆောင်ခြင်းဖြင့် ထိုင်းနိုင်ငံသည် တစ်ကမ္ဘာလုံးမှ အရည်အချင်းရှိသူများအတွက် အပြိုင်အဆိုင်နေရာတစ်ခုအဖြစ် ရပ်တည်ကာ ငွေကြေးအကျိုးအမြတ်များကို ပရော်ဖက်ရှင်နယ်အခွင့်အလမ်းများနှင့် ချိန်ခွင်လျှာညှိပေးသည်။ ဆောင်းပါး၏ ဤအပိုင်းသည် LTR Visa ကိုင်ဆောင်သူများအတွက် ဤအခွန်အကျိုးခံစားခွင့်များနှင့် ၎င်းတို့၏သက်ရောက်မှုများကို အသေးစိတ်ဖော်ပြပါမည်။

လျှောက်လွှာလုပ်ငန်းစဉ်နှင့် လိုအပ်သောစာရွက်စာတမ်းများ

ထိုင်းနိုင်ငံ၏ LTR Visa လျှောက်ထားရာတွင် ရှင်းလင်းပြတ်သားပြီး တစ်ဆင့်ပြီးတစ်ဆင့်လုပ််ရသော လုပ်ငန်းစဉ်တစ်ခု ပါဝင်ပါသည်။ လျှောက်ထားသူများသည် အဓိကစာရွက်စာတမ်းများစွာကို ပြင်ဆင်ပြီး တင်ပြရမည်ဖြစ်သည်။ ၎င်းတို့တွင် အရည်အချင်းအထောက်အထား၊ ဝင်ငွေအထောက်အထားနှင့် ထိုင်းအာဏာပိုင်များဘက်က လိုအပ်သော သီးခြားပုံစံ(ဖောင်)များ ပါဝင်သည်။ လုပ်ငန်းစဉ်သည် ကျွမ်းကျင်သောပညာရှင်များကို အလွန်လွယ်ကူစွာဖြင့် လှုပ်ရှားဆောင်ရွက်နိုင်အောင် ရိုးရှင်းသောပုံစံဖြစ်စေအောင် စီမံထားပါသည်။

ဆောင်းပါး၏ ဤအပိုင်းသည် စာရွက်စာတမ်းဆိုင်ရာ တိကျမှုနှင့် ပြည့်စုံမှု၏ အရေးပါမှုကို မီးမောင်းထိုးပြပြီး လျှောက်ထားမှုလုပ်ငန်းအဆင့်ဆင့်၏ ခြုံငုံသုံးသပ်ချက်ကိုလည်း ဖေါ်ပြပါမည်။ ၎င်းသည် အလားအလာရှိသော လျှောက်ထားသူများအတွက် လက်တွေ့ကျသော လမ်းညွှန်ချက်အဖြစ် မျှော်လင့်ထားရမည့်အရာများနှင့် မည်သို့ပြင်ဆင်ထားရပုံတို့ကို အကြမ်းဖျင်းဖော်ပြမည်ဖြစ်သည်။

LTR Visa ၏ အခြားအကျိုးကျေးဇူးများ

အခွန်မက်လုံးများအပြင် ထိုင်းနိုင်ငံ၏ LTR Visa သည် အပိုအကျိုးခံစားခွင့်များစွာပါရှိပါသည်။ ၎င်းတို့တွင် ထိုင်းနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်ခြင်းလုပ်ငန်းစဉ်ကို ရိုးရှင်းလွယ်ကူစေသည့် အလုပ်ပါမစ်အတွက် အရည်အချင်းပြည့်မီမှု ပါဝင်သည်။ ဗီဇာကိုင်ဆောင်သူများသည် စံဗီဇာများနှင့် သက်ဆိုင်သည့် အချို့သော အလုပ်အကိုင်ကန့်သတ်ချက်များမှ ကင်းလွတ်ခွင့်ကိုလည်း ခံစားနိုင်သည်။ ၎င်းသည် အမျိုးမျိုးသော ပရော်ဖက်ရှင်နယ်ပိုင်း ဆောင်ရွက်မှုများတွင် ပါဝင်ရန် ပိုမိုလွယ်ကူစေသည်။

ထို့အပြင် LTR Visa ကိုင်ဆောင်သူများသည် လေဆိပ်များတွင် အမြန်လမ်းကြောင်းဝန်ဆောင်မှုများနှင့် လူဝင်မှုကြီးကြပ်ရေးတွင် အစီရင်ခံခြင်းလုပ်ငန်းများကို အဆင်ပြေမှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။ ဤအကျိုးခံစားခွင့်များစုပေါင်းကာဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ရန်နှင့် အလုပ်လုပ်ရန် ချောမွေ့စွာ ကူးပြောင်းလိုသော ပညာရှင်များအတွက် LTR Visa ကို ဆွဲဆောင်မှုရှိသော ရွေးချယ်မှုတစ်ခု ဖြစ်လာစေပါသည်။

Siam Legal ကိုယနေ့ဆက်သွယ်လိုက်ပါ။

ထိုင်းနိုင်ငံသည် ငွေကြေးတတ်နိုင်စေမှု နှင့် မတူကွဲပြားသော အခွင့်အလမ်းများကဲ့သို့သော အကျိုးကျေးဇူးများကို ပေးဆောင်သောကြောင့် LTR Visa သည် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။ Siam Legal သည် LTR Visa လျှောက်ထားမှုနှင့် အခြားဥပဒေရေးရာလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်သဖြင့် ၎င်းတို့၏အဖွဲ့ထံမှ လွယ်ကူပြီး ကျွမ်းကျင်သောအကူအညီများရရှိနိုင်ကြောင်း သေချာစေပါသည်။

ထိုင်းနိုင်ငံတွင် LTR Visa လျှောက်ထားရန် စိတ်ဝင်စားပါက အောက်ပါပုံစံ(ဖောင်)ကို အသုံးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်လိုက်ပါ။

LTR Visa Thailand
Your personal information
Tell us more about your inquiry

By submitting this form, you accepted and agreed on our Privacy Policy and Terms.

Thailand LTR Visa
LTR Visa Overview LTR Visa for Wealthy Global Citizens
LTR Visa for Wealthy Pensioners Work-From-Thailand Professionals LTR Visa
LTR Visa for Highly Skilled Professionals LTR Visa for Depdendents
ပြည်တွင်းရုံးဖုန်းနံပါတ်များ –
ဘန်ကောက် ။။ ၀၂-၂၅၄-၈၉၀၀
ဖူးခက် ။။ ၀၈၄-၀၂၁-၉၈၀၀
ချင်းမိုင် ။။ ၀၅၃-၈၁၈-၃၀၆
ပတ္တရား ။။ ၀၈၄-၀၂၁-၉၈၀၀
နိုင်ငံတကာဖုန်းနံပါတ်များ –
အမေရိကန်နိုင်ငံ ။။ ၁ (၈၇၇) ၂၅၂-၈၈၃၁
ထိုင်းနိုင်ငံ ။။ +၆၆ ၂၂၅၄-၈၉၀၀