ရေရှည်နေထိုင်ခွင့် LTR ဗီဇာ

ထိုင်းဗီဇာ

LTR Visa ဆိုသည်မှာ

Thai Long-Term Resident (LTR) Visa ဆိုတာ ရေရှည်နေထိုင်ခွင့်ဗီဇာတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံသို့ပြောင်းရွှေ့အခြေချနိုင်ဖို့ရာလွယ်ကူသောလမ်းကြောင်းတစ်ခုဖြစ်ပါသည်။ ထိုင်းစီးပွားရေး ပိုမိုတန်ဖိုးမြင့်မားလာစေဖို့ ကျွမ်းကျင်မှု အထူးဖန်တီးထားခြင်းဖြစ်သည်။အာဆီယံဒေသတွင်း ထိပ်တန်းစီးပွားရေးတစ်ခုဖြစ်သည့် ထိုင်းအစိုးရသည် နိုင်ငံတော်သို့ ပြောင်းရွှေ့လုပ်ကိုင်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန်နှင့် နိုင်ငံတော်၏ ရပ်တည်မှုကို ပိုမိုတိုးတက်စေရန် နိုင်ငံခြားသားများကို ပိုမိုဆွဲဆောင်ရန် စိတ်အားထက်သန်လျက်ရှိသည်။ ထို့ကြောင့်၊ LTR Visa ဖြင့်၊ တရားဝင်အလုပ်လုပ်ကိုင်ရန် ရွေးချယ်ပိုင်ခွင့်ရှိသည့်အပြင် မကြာခဏ "နယ်စပ်ဖြတ်ရခြင်း" သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး စီရင်ခံစာများမပါဘဲ နိုင်ငံအတွင်း ရေရှည်နေထိုင်နိုင်ပါသည်။

ဤဗီဇာသည် အောက်ပါပုဂ္ဂိုလ်များအတွက်အထူးသင့်လျှော်ပါသည်။

  • လုပ်ငန်းပိုင်းဆိုင်ရာအထူးကျွမ်းကျင်သူပညာရှင်များ
  • ရင်းနှီးမြုပ်နှံကြသူများ
  • လုပ်ငန်းရှင်များ
  • အငြိမ်းစားယူထားကြသော ငွေကြေးတတ်နိုင်သူများ
  • အင်တာနက်နည်းပညာဖြင့် ခရီးသွားရင်းအလုပ်လုပ်ကြသူများ

LTR Visa ရရှိခြင်းက သင့်အား အောက်ပါအကျိုးကျေးဇူးများ ရရှိစေသည်-

  • ထိုင်းနိုင်ငံတွင် ၁၀ နှစ်ဆက်တိုက်အထိ နေထိုင်ခွင့် ပေးသည်။
  • အများဆုံး ၁၀ နှစ်အထိ သက်တမ်းတိုးနိုင်သော ၅ နှစ်သက်တမ်းရှိ အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာကို ပေးသည်။
  • ထိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး အမြန်ခြေရာခံ ဝန်ဆောင်မှုများကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
  • နှစ်စဉ်နှစ်တိုင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးသို့ အစီရင်ခံတင်ပြခြင်းမှာ (အခြားဗီဇာကိုင်ဆောင်ထားသူများ လိုအပ်သည့် ပုံမှန် ရက် ၉၀ အစီရင်ခံမှုလုပ်ငန်းစဉ်ထက်ပိုသာ)
  • အချို့သော အခွန်သက်သာမှု မက်လုံးများအနေဖြင့် -
    • LTR Visa ကိုင်ဆောင်ထားသူများသည် ကျွမ်းကျင်မှုအထူးမြင့်မားသော ပညာရှင်အမျိုးအစားထဲတွင်ပါဝင်ပြီး တစ်ဦးချင်းဝင်ငွေအလိုက်အခွန်ဆောင်ခနှုန်းကို ၁၇% ထိလျှော့ပေးထားပါသည်။
  • One Stop Service Center တွင် Work Permit (အလုပ်လုပ်ခွင့်) နှင့် လူဝင်မှုကြီးကြပ်ရေး ကိစ္စများအဆင်ပြေစေရေး ဝန်ဆောင်မှုများ
  • ထိုင်းနိုင်ငံအတွင်း ထိုင်းကုမ္ပဏီတစ်ခုတွင်တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်း
  • မေတ္တာလက်ဆောင် Work Permit (အလုပ်လုပ်ခွင့်)ကိုအခမဲ့ရရှိလိုပါက -
    • ကျွမ်းကျင်မှုအထူးမြင့်မားသော ပညာရှင်အမျိုးအစားထဲတွင်ပါဝင်ကြသူများရရှိနိုင်ကြပါသည်။

ထိုင်းရေရှည်နေထိုင်ခွင့်ဗီဇာ LTR Visa အမျိုးအစားများ

ထိုင်းရေရှည်နေထိုင်ခွင့်ဗီဇာ LTRကိုနိုင်ငံခြားသားအမျိူအစား (၄)မျိုးတို့အား ပေးအပ်လျက်ရှိပါသည်။

  • ချမ်းသာကြွယ်ဝသော ကမ္ဘာ့နိုင်ငံသားများ (Wealthy Global Citizens) အတွက် LTR Visa
  • ချမ်းသာကြွယ်ဝသော အငြိမ်းစား (Wealthly Pensioner) အတွက် LTR Visa
  • ထိုင်းနိုင်ငံအခြေစိုက်အလုပ်လုပ်ကြသော ပရော်ဖက်ရှင်နယ်များအတွက် Work-From-Thailand Professionals LTR Visa
  • လုပ်ငန်းပိုင်းအထူးကျွမ်းကျင်ကြသော ပရော်ဖက်ရှင်နယ်များအတွက် Highly-Skilled Professionals LTR Visa

LTR Visa ကိုင်ဆောင်သူအျားတွင် မိသားစုဝင် (၄)ဦးအထိခေါ်ဆောင်လာခွင့်ရှိပါမည်။ ၎င်းတို့ထဲတွင် ဗီဇာရှင်၏ တရားဝင်အိမ်ထောင်ဖက် နှင့် အသက် (၂၀)အောက် သားသမီးများပါဝင်ပါသည်။ အိမ်ထောင်ဖက်နှင့် မှီခိုကြသူများသည် LTR ဗီဇာရှင်နှင့် တန်းထူထပ်မျှဖြစ်သော ဗီဇာအမျိုးအစားကိုခံစားဖို့ရန် အရည်အချင်းပြည့်မီသူများဖြစ်ကြပါသည်။

LTR Visa ရရှိရန် လိုအပ်သောအရည်အချင်းများပြည့်မီစေခြင်း

၎င်းသည် နိုင်ငံခြားသားများအတွက် များစွာသော အကျိုးကျေးဇူးများကို ပေးစွမ်းသော်လည်း ဗီဇာအတွက် အရည်အချင်းပြည့်မီရန် စံသတ်မှတ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်နေသေးသည်။ ဤလိုအပ်ချက်များကို ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Thailand Board of Investments (BOI) မှ ဖွဲ့စည်းချမှတ်ထားသော်လည်း အပြောင်းအလဲ ရှိနိုင်ပါသေးသည်။

LTR Visa အတွက်အရည်အချင်းပြည့်မီရန် လျှောက်ထားသူများသည် ဤလိုအပ်ချက်များကိုဖြည့်ဆည်းရန်လိုအပ်ပါသည် –

  • လျှောက်လွှာတင်ချိန်မှ အနည်းဆုံး တစ်နှစ် သို့မဟုတ် ထို့ထက်ပို၍ သက်တမ်းရှိသော နိုင်ငံခြားနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားပါ။
  • ဒေါ်လာ ၅၀၀၀၀* အကျုံးဝင်သော ကျန်းမာရေးအာမခံရှိပါ (ကျန်းမာရေးအာမခံလိုအပ်ချက်များနှင့် မကိုက်ညီပါက လျှောက်ထားသူများသည် ထိုင်း သို့မဟုတ် နိုင်ငံခြားဘဏ်အကောင့်တွင် အနည်းဆုံး ဒေါ်လာ ၁၀၀၀၀၀ အပ်နှံပြီး ၎င်းကို အနည်းဆုံး တစ်နှစ်အထိ ထားရှိရမည်)။
  • လျှောက်ထားသူများသည် LTR Visa လျှောက်ထားသည့်အခါ လျှောက်လွှာကြေးအဖြစ် ထိုင်းဘတ်ငွေ ၅၀၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။
  • လျှောက်ထားသူသည် LTR Visa ရရှိပြီးနောက် ထိုင်းနိုင်ငံတွင် ၃၆၅ ရက်ဆက်တိုက်နေထိုင်ပြီးသည်နှင့်BOI သို့ သတင်းပို့ပါ။

*မှတ်သားရန် ။။ ဤလမ်းညွှန်ချက်တွင် အမေရိကန် ဒေါ်လာဖြင့် ငွေကြေးကို စာရင်းပြုစုထားသော်လည်း အခြားနိုင်ငံမှ လျှောက်ထားသူများသည် စာရင်းသွင်းထားသော ပမာဏနှင့် ညီမျှသော နိုင်ငံတကာငွေကြေးတန်ဖိုးအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။

**မှတ်သားရန် ။။ ၎င်းသည် များပြားသောပမာဏဟု ထင်ရသော်လည်း သင်၏ LTR Visa လျှောက်လွှာအတွက် နောက်ခံစစ်ဆေးမှုကို အတည်ပြုပြီးမှသာ သင်သည် ဤအခကြေးငွေကို ပေးဆောင်ရန် လိုအပ်ပါသည်။

မတူညီသော LTR အမျိုးအစား ၄ ခုမှ တစ်ခုစီ၏ ဖြည့်ဆည်းရန်လိုအပ်သော ကိုယ်ပိုင်သီးခြားလိုအပ်ချက်များမှာ -

ချမ်းသာကြွယ်ဝသော ကမ္ဘာ့နိုင်ငံသားများ

  • ပြီးခဲ့သော (၂)နှစ်အတွင်း နှစ်စဉ်‌ဝင်ငွေ ဒေါ်လာ ၈၀၀၀၀ ရှိခြင်း
  • ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၁၀၀၀၀၀၀ ရှိခြင်း
  • အစိုးရငွေချေးစာချုပ်များ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု နှင့်/သို့မဟုတ် ထိုင်းနိုင်ငံရှိ အိမ်ခြံမြေများတွင် အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀၀၀၀၀ ရှိခြင်း

ချမ်းသာကြွယ်ဝသော ပင်စင်စား ပုဂ္ဂိုလ်များ

  • အနည်းဆုံး အသက် (၅၀) ရှိခြင်း
  • အလုပ်လုပ်စရာမလိုဘဲ နှစ်စဉ် ဒေါ်လာ ၈၀၀၀၀ ရှိခြင်း (အလုပ်လုပ်ခြင်းမှရသောဝင်ငွေမပါဘဲ)
  • အစိုးရငွေချေးစာချုပ်များ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု နှင့်/သို့မဟုတ် ထိုင်းနိုင်ငံရှိ အိမ်ခြံမြေများတွင် အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅၀၀၀၀ ရှိခြင်း (လျှောက်ထားသူ၏ဝင်ငွေသည် ဒေါ်လာ ၄၀၀၀၀ နှင့် ၈၀၀၀၀ ကြားရှိမှသာလျှင်)

ထိုင်းနိုင်ငံအခြေစိုက်အလုပ်လုပ်ကြသော ပရော်ဖက်ရှင်နယ်များ

  • ပြီးခဲ့သော (၂)နှစ်အတွင်း နှစ်စဉ်‌ဝင်ငွေ ဒေါ်လာ ၈၀၀၀၀ ရှိခြင်း
  • ပြီးခဲ့သော (၁၀)နှစ်အတွင်း အလုပ်လုပ်သက်နှစ်ပေါင်း (၅) နှစ်ရှိခြင်း
  • မဟာဘွဲ့ (သို့မဟုတ် အထက်)၊ စီးရီး A ရန်ပုံငွေ သို့မဟုတ် ဉာဏပစ္စည်းပိုင်ဆိုင်မှုရှိခြင်း (လျှောက်ထားသူ၏ ၀င်ငွေမှာ ဒေါ်လာ ၄၀၀၀၀ နှင့် ၈၀၀၀၀ ကြားရှိမှသာ)
  • လျှောက်ထားသူ၏ လက်ရှိအလုပ်ရှင်သည် –
    • ထိုင်းစတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော အများပိုင်ကုမ္ပဏီဖြစ်သည်။
    • လွန်ခဲ့သည့် ၃ နှစ်အတွင်း ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးဖြင့် အနည်းဆုံး ၃ နှစ် လုပ်ကိုင်လည်ပတ်နေသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုပိုင်ဆိုင်သည်။

ကျွမ်းကျင်မှုမြင့်မားသော ပရော်ဖက်ရှင်နယ်များ

  • ပြီးခဲ့သော (၂)နှစ်အတွင်း နှစ်စဉ်‌ဝင်ငွေ ဒေါ်လာ ၈၀၀၀၀ ရှိခြင်း***
  • သက်ဆိုင်ရာနယ်ပယ်တွင် PhD ပါရဂူဘွဲ့ရရှိထားသူ သို့မဟုတ် ထိုင်းအစိုးရအေဂျင်စီတစ်ခုအတွက် ရည်မှန်းထားသော လုပ်ငန်းတစ်ခုတွင် စုစုပေါင်းလုပ်ငန်းအတွေ့အကြုံ (၅) နှစ်ရှိရမည်။
  • နည်းပညာ သို့မဟုတ် သိပ္ပံဘာသာရပ်တွင် အထူးပြုလေ့လာသည့် မဟာဘွဲ့ (သို့) ထိုင်းနိုင်ငံရှိ လျှောက်ထားသူ၏ အလုပ်နှင့် သက်ဆိုင်သည့် ထူးခြားသော ကျွမ်းကျင်မှု ရှိရမည် (လျှောက်ထားသူ၏ ဝင်ငွေမှာ ဒေါ်လာ ၄၀၀၀၀ နှင့် ၈၀၀၀၀ ကြားရှိမှသာ)။
  • သင့်လက်ရှိအလုပ်ရှင်သည် အောက်ပါလုပ်ငန်းအမျိုးအစားများပါရှိသော ရည်မှန်းထားသောလုပ်ငန်းမှဖြစ်ရမည် - ထိုင်းအစိုးရအေဂျင်စီ၊ အဆင့်မြင့်ပညာရေးအဖွဲ့အစည်း၊ အထူးပြုလေ့ကျင့်ရေးအဖွဲ့အစည်း သို့မဟုတ် သုတေသနစင်တာ။

***မှတ်သားရန် ။။ အကယ်၍ သင်သည် ထိုင်းအစိုးရအေဂျင်စီတစ်ခုတွင် အလုပ်လုပ်ရန် ရည်မှန်းထားပါက ကိုယ်ပိုင်ဝင်ငွေလိုအပ်ချက်များကို ဖြည့်ဆည်းရန် မလိုအပ်ပါ။

LTR Visa လျှောက်ထားနည်း

အချိန် ။။ ပျမ်းမျှ (၄)ပတ်မှ (၈)ပတ်ကြား (လျှောက်ထားလွှာ၏ ခိုင်မာမှုအပေါ်မူတည်၍)

လိုအပ်သောစာရွက်စာတမ်းများ –
  • ပြည့်စုံအောင်ဖြည့်ထားသော LTR ဗီဇာလျှောက်လွှာ (TM94)
  • စံသတ်မှတ်ချက်နှင့် စည်းမျဉ်းများကိုသိရှိလိုက်နာမည်ဖြစ်ကြောင်းခံဝန်ကတိဖောင် (STM.8)
  • လျှောက်ထားသူ၏နိုင်ငံကူးလက်မှတ်ဓာတ်ပုံ (အရောင်ပါရမည်ဖြစ်ပြီး အနည်းဆုံး ၆ လသက်တမ်း ကျန်ရှိရမည်။)
  • မကြာသေးမီကရိုက်ကူးထားသော လျှောက်ထားသူ၏ နိုင်ငံကူးလက်မှတ်အရွယ်ဓါတ်ပုံ (အရောင်ပါရမည်ဖြစ်ပြီး နောက်ခံကိုအဖြူရောင်ထားရပါမည်။)
  • ဝင်ငွေနှင့်ဆိုင်သော သက်သေအထောက်အထား စာရွက်စာတမ်းများ ဖြစ်ကြသော -
    • နောက်ဆုံး အခွန်မှတ်တမ်းများ
    • သင့်ဘဏ်မှ ရယူထားသော ဘဏ်ရှင်းတမ်းများ
    • သင့်အလုပ်ရှင်ထံမှ လစာဖြတ်ပိုင်းများ
  • (လိုအပ်လာပါက ရှိထားရမည့်) နောက်ထပ် ရွက်စာတမ်းများမှာ –
    • အလုပ်အကိုင်စာချုပ်များ
    • ပညာအရည်အချင်းလက်မှတ်များ

LTR Visa လျှောက်ထားခြင်းသည် အနည်းငယ်ခက်ခဲပြီး လုပ်ထုံးလုပ်နည်းမှာလည်း မကြာခဏဆိုသလို စိန်ခေါ်မှုရှိတတ်သောကြောင့် ဥပဒေကုမ္ပဏီတစ်ခုမှ ကျွမ်းကျင်သူ၏အကူအညီများကို ရယူနိုင်ရန်စာရင်းသွင်းထားဖို့ကို အထူးအကြံပြုလိုပါသည်။ လုပ်ငန်းစဉ်အတွင်း ကြန့်ကြာမှုများ သို့မဟုတ် ပယ်ချခံရမှုများ ဖြစ်ပေါ်လာနိုင်ခြေများကို လျှော့ချရာတွင် ကျွမ်းကျင်သူများ၏ ပံ့ပိုးကူညီမှုကို ရှာဖွေခြင်းသည် မရှိမဖြစ်လိုအပ်ပြီး သင်လုပ်ဆောင်နေသော လျှောက်ထားမှုလုပ်ငန်းစဉ်သည် ချောမွေ့ပြီး စိတ်ဖိစီးမှုကင်းစေဖို့ကို သေချာစေပါသည်။

မိသားစုနှင့်အတူ လျှောက်ထားခြင်း

လျှောက်ထားသူများသည် LTR Visa တွင် မိသားစုဝင် (၄) ဦးအထိ ပူးတွဲပါ၀င်ခွင့်ပြုထားသည်။ ၎င်းတွင် အသက် (၂၀) နှစ်အောက် ကလေးများနှင့် အိမ်ထောင်ဖက်များ ပါဝင်သည်။ Common Law Unionsကို အသိအမှတ်မပြုသောကြောင့် ၎င်းတို့သည် လက်ထပ်ခြင်း၊ မွေးဖွားခြင်း သို့မဟုတ် မွေးစားခြင်းမှတစ်ဆင့် တရားဝင်မိသားစုဝင်များဖြစ်ရမည်။ လိင်တူလက်ထပ်ခြင်း သို့မဟုတ် လက်တွဲဖော်များကို ထိုင်းဥပဒေအရ အသိအမှတ်မပြုသောကြောင့် ထိုကဲ့သို့သောဆက်ဆံရေးရှိ အိမ်ထောင်ဖက်များသည် လျှောက်လွှာတွင် ထည့်သွင်းရန် အရည်အချင်းမပြည့်မီပါ။

အိမ်ထောင်ဖက် သို့မဟုတ် ကလေးတစ်ဦးကို ဖိတ်ကြားခြင်းအတွက် အချို့သော အခြေအနေများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်ပါသည်-

  • ထပ်လောင်းထည့်လိုက်သော မည်သည့်မိသားစုဝင်မဆိုသည် အဓိကလျှောက်ထားသူ၏ မှီခိုသူဖြစ်ရမည်၊ ၎င်းတို့၏ လတ်တလောမိသားစုမှသာလျှင် ဆင်းသက်လာရပါမည်။
  • LTR ဗီဇာလျှောက်ထားခြင်းတွင် ထည့်သွင်းထားသော မိသားစုဝင်တစ်ဦးစီသည် အနည်းဆုံး ဒေါ်လာ ၂၅၀၀၀ တန် ကျန်းမာရေးအာမခံရှိရပါမည်။
  • ကလေးများသည် အသက် ၂၀ နှစ်အောက်ဖြစ်လျှင် ပင်မလျှောက်ထားသူ၏ မှီခိုသူများအဖြစ်သာ သတ်မှတ်ခံရပါသည်။
  • အဓိက လျှောက်ထားသူသည် ၎င်းနှင့် ၎င်း၏ မှီခိုသူကြား ဆက်ဆံရေးကို အထောက်အထားအဖြစ် နောက်ထပ် စာရွက်စာတမ်းများ ပေးဆောင်ရပါမည် (၎င်းတွင် လက်ထပ်စာချုပ် သို့မဟုတ် အိမ်ထောင်စုစာရင်း မှတ်ပုံတင်လက်မှတ်ကဲ့သို့ စာရွက်စာတမ်းများ ပါဝင်နိုင်သည်)။

Siam Legal International ဖြင့် LTR ဗီဇာလျှောက်ထားခြင်း

သင်၏ LTR ဗီဇာလျှောက်လွှာသည် လျင်မြန်မှု၊ ဖိစီးမှုကင်းပြီး အောင်မြင်ကြောင်း သေချာစေရန် ကျွမ်းကျင်သူတွေအကူအညီကို ရယူလိုပါက Siam Legal International မှတပါးတခြားမရှိတော့ပါ။ ကျွန်ုပ်တို့ အနှစ် ၂၀ ကျော်လုပ်ငန်းလည်ပတ်လျက်ရှိပြီး ကျွန်ုပ်တို့၏ လူဝင်မှုကြီးကြပ်ရေး ရှေ့နေများနှင့် ဗီဇာ အကြံပေးအဖွဲ့သည် ရှုပ်ထွေးသော ဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများကို အလွန်အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ကြောင်း စံချိန်တင်မှတ်တမ်းများရှိပါသည်။

Siam Legal နှင့် ချိတ်ဆက်ပြီးသည်နှင့် သင်နှင့် ကျွန်ုပ်တို့၏ ထိုင်းဗီဇာအဖွဲ့ဝင်တစ်ဦးကြားတွင် သင်ရှေ့ဆက်သွားသင့်သည့် လမ်းကြောင်း၊ သင်လိုအပ်သည့် စာရွက်စာတမ်းများနှင့် သင့်တွင်ရှိနိုင်သည့် မေးခွန်းများကို ဆွေးနွေးရန် ကျွန်ုပ်တို့မှ စီစဉ်ပေးပါမည်။ သင်လိုအပ်သည့် စာရွက်စာတမ်းများအပြင် သင့်ဖြည့်စွက်ရန်လိုအပ်သော မည်သည့်ဖောင်များကိုမဆို ပြည့်စုံမှုရှိမရှိစစ်ဆေးရန်စာရင်းကိုလည်း ကျွန်ုပ်တို့ပေးပါမည်။

လိုအပ်သောစာရွက်စာတမ်းများကို ကျွန်ုပ်တို့ထံပေးပို့ပြီးနောက်၊ အချက်အလက်အားလုံးသည် အမှားကင်းပြီး အရေးကြီးသည့်အရာများကို မကျန်ခဲ့ဘဲ သေချာစေရန် ၎င်းတို့ကို ဂရုတစိုက်စစ်ဆေးပါမည်။ ထို့နောက် သင်၏လျှောက်လွှာကို ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Thailand Board of Investment (BOI) သို့ တင်ပြပါမည်။ ပြင်ဆင်မှုမဆီလျော်သော လျှောက်လွှာများသည် ငြင်းပယ်ခံရသည့် အကြောင်းရင်းဖြစ်တတ်သောကြောင့် ဤအဆင့်သည် အထူးအရေးကြီးပါသည်။

သင်ကိုလက်ခံ‌အတည်ပြုပြီးသည်နှင့်၊ မကြာမီတွင် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI)ထံမှ ထောက်ခံချက်ပေးစာဟု လူသိများသောအရာကို သင်ရရှိမည်ဖြစ်သည်။ ဤစာကို လက်ခံရရှိသည်နှင့် ရက်ပေါင်း (၆၀) အတွင်း သင့်ဗီဇာအသစ်ကို ရယူရမည်ဖြစ်သည်။ သင် ပြည်ပတွင်ရှိနေပါက တော်ဝင်ထိုင်းကောင်စစ်ဝန်ရုံး သို့မဟုတ် ထိုင်းနိုင်ငံတွင်ရှိနေပါက ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ရုံးတွင် ရယူနိုင်ပါသည်။ သင့်ဗီဇာကို BOI ရုံးသို့ သွားရောက်ရယူမည်ဆိုပါက၊ ပြဿနာမရှိစေရန်အတွက် Siam Legal အတိုင်ပင်ခံက သင့်နှင့်အတူ လိုက်ပါမည်ဖြစ်ပြီး သင်၏ ဗီဇာအသစ်ကို တတ်နိုင်သမျှ အမြန်ဆုံးခံစားနိုင်မည်ဖြစ်သည်။

Siam Legal အဖွဲ့သည် လျှောက်ထားမှုခရီးစဉ်တစ်လျှောက်လုံး Thailand Board of Investments (BOI) နှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပြီး သင်၏လျှောက်လွှာအခြေအနေနှင့်ပတ်သက်ပြီး နောက်ဆုံးအခြေအနေများနှင့် တစ်စုံတစ်ရာပြင်ဆင်ရန် လိုအပ်ပါက သင့်အား အသိပေးမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အကူအညီဖြင့် သင့်လျှောက်ထားမှု လုံခြုံစိတ်ချရပြီး ပယ်ချခံရနိုင်ခြေ အလွန်နည်းကြောင်း ယုံကြည်မှုရှိစေပါသည်။ သုံးသပ်ချက်များနှင့် တင်ပြမှုများ အစစအရာရာအားလုံးကို ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်သောကြောင့် သင်၏ လျှောက်လွှာလုပ်ငန်းစဉ်ကို ချောမွေ့စေခြင်းဖြင့်လည်း သင့်အား အချိန်များစွာ သက်သာစေပါသည်။

အခြားရွေးချယ်စရာများ

LTR Visa သည် သင့်စိတ်ကြိုက်မဟုတ်ကြောင်း တွေ့ရှိပါက၊ ၎င်းအစား သင်စဉ်းစားနိုင်သော အခြားသော နှစ်ရှည် ထိုင်းဗီဇာများလည်း ရှိသေးသည်။

Thailand Elite Visa သည် အကျိုးခံစားခွင့်များစွာနှင့်အတူ အဖွဲ့ဝင်ကာလ (၅) နှစ်မှ (၂၀) နှစ်အထိ ပေးဆောင်သည်။ သင်သည် အနည်းဆုံး အသက် (၅၀) ရှိလျှင် လိုအပ်ချက်နည်းနည်းဖြင့် နိုင်ငံအတွင်း နှစ်ရှည်နေထိုင်ခွင့် ပေးသည့် ထိုင်းအငြိမ်းစားဗီဇာလည်း ရှိပါသည်။ ဤကိစ္စများနှင့် အခြား ထိုင်းဗီဇာ ရွေးချယ်စရာများအကြောင်း မေးခွန်းများရှိပါက Siam Legal သို့ ဆက်သွယ်ပါ။

Thai LTR Visa သည် သင့်အတွက် သင့်လျော်မည်ဟု သင်ထင်ပါက၊ သင်၏ ပထမဆုံး တိုင်ပင်ဆွေးနွေးမှုကဏ္ဍကို ကြိုတင်စာရင်းသွင်းရန် ယနေ့ပင် Siam Legal သို့ ဆက်သွယ်ပါ (သို့မဟုတ်) အောက်ပါဖောင်ကို ဖြည့်စွက်ပါ။

LTR Visa Thailand
Your personal information
Tell us more about your inquiry

By submitting this form, you accepted and agreed on our Privacy Policy and Terms.

Thailand LTR Visa
LTR Visa Overview LTR Visa for Wealthy Global Citizens
LTR Visa for Wealthy Pensioners Work-From-Thailand Professionals LTR Visa
LTR Visa for Highly Skilled Professionals LTR Visa for Depdendents
ပြည်တွင်းရုံးဖုန်းနံပါတ်များ –
ဘန်ကောက် ။။ ၀၂-၂၅၄-၈၉၀၀
ဖူးခက် ။။ ၀၈၄-၀၂၁-၉၈၀၀
ချင်းမိုင် ။။ ၀၅၃-၈၁၈-၃၀၆
ပတ္တရား ။။ ၀၈၄-၀၂၁-၉၈၀၀
နိုင်ငံတကာဖုန်းနံပါတ်များ –
အမေရိကန်နိုင်ငံ ။။ ၁ (၈၇၇) ၂၅၂-၈၈၃၁
ထိုင်းနိုင်ငံ ။။ +၆၆ ၂၂၅၄-၈၉၀၀